ပြည် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသည့် အတည်ပြုလူနာ ၆၈ ဦး ရှိလာပြီဖြစ်ကြောင်းနှင့် ယင်းတို့ကို ပြည်မြို့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပြည်မြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့အထိ ကိုဗစ် -၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၂၉ ဦးရှိကာ ယနေ့တွင် ယင်းအတည်ပြုလူနာ ၂၉ဦးနှင့် ထိစပ်မှုရှိခဲ့သူ ၆၄ ဦးအား စစ်ဆေးခဲ့ရာ ၃၄ ဦးထပ်မံပိုးတွေ့ရှိ၍ အတည်ပြုလူနာ ၆၃ဦးဖြစ်လာကြောင်းနှင့် ယင်းအပြင် အနံ့ပျောက်လူနာ ၆ ဦး လာရောက်စစ်ဆေးရာ၌ ၅ ဦး ထပ်မံပိုးတွေ့ရှိသဖြင့် ပြည်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း ၆၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပြီး အဆိုပါ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိစပ်မှု ရှိခဲ့သူများကိုလည်း ပြည်မြို့ သူနာပြု သင်တန်းကျောင်း Facility Quarantine Center ၌ သီးသန့်ထားရှိကာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ကိုဆက်