မြောင်းမြ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် Dr စိုးသက်က COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား အချိန်မီထိန်းချုပ်ရေးအတွက် ပြည်သူများအေနဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာရန်လိုအပ်သည့်အပြင် ကျန်းမာရေးဝန်ထမ်းလစ်လပ်လျက်ရှိသည်ရပ်ကွက်၊ကျေးရွာများ၌မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ေရးလုပ်ငန်းများတွင်လည်းပူးေပါင်းပါဝင်ကြရန်လိုအပ်ေကြာင်း၊ Positive လူနာများ အားတစ်ပတ်လျှင်နှစ်ကြိမ်စစ်ဆေးပေးလျက်ရှိကြောင်း၊ယနေ့အထိပြည်သူ့ဆေးရုံတွင်လူနာ(၈)ဦး၊သူနာပြသင်တန်ကျောင်းနှင်းဆီဆောင်တွင်(၈၃)ဦး၊စုစုပေါင်း(၉၁)ဦးရှိပြီဖြစ်သည့်အတွက်ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်ပေးရန်လိုကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် အဖွဲ့ဝင်ဦးကြည်ဝင်းကစွမ်းအား ပဋိပတ္တိနှင့်သူနာပြုသင်တန်းကျောင်းရှိ ကိုဗစ်လူနာများအတွက် သယ်ယူပို့ဆောင်ရေး၊စားသောက်မှုကိစ္စများနှင် Contactလူနာအိမ်မျာ ဆေးဖျန်းခြင်းတို့အားဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက်ခရိုင်စီမံချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များကတင်ပြချက်များအားပေါင်းစပ်ညှိနှိုင်းပေးပြီးအစည်းအဝေးကိုနေလယ်(၁၂)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ခရိုင်၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့မိမြို့ဖများနှင့်လုပ်ငန်းရှင်များ တတ်ရောက်ခဲ့ကြသည်။
စန္ဒာကြည်