စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်

စလင်း၊ဇွန်၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ယနေ့ နံနက် ၈နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် မြို့လယ်မီးပွိုင့်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ  Mask Campaign ပြုလုပ်ခြင်းကိုဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ထွေအုပ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အိမ်ပြင်ထွက်သူတိုင်း ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ပြီးထွက်ကြရန်နှင့် ပါးစပ်နှာခေါင်း စည်းမပါဘဲ အိမ်ပြင်ထွက်လာသူတိုင်းကို Mask အခုရေ (၅၀၀၀)ကို အခမဲ့ဖြန့်ဝေတပ်ဆင် ပေးခဲ့ကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)