မော်လိုက်မြို့၌ အစိုးရဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

မော်လိုက် ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အစိုးရဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ မော်လိုက်မြို့အနေနဲ့ အစိုးရဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၃၉၈)ဦးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူစုလူဝေးလည်း မဖြစ်ပေါ်အောင် နံနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီထိ အချိန်သတ်မှတ်ကာ သုံးရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဒီပထမနေ့မှာတော့  အစိုးရဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၁၀၃)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း ခရိုင်ဆရာဝန်ကြီး ထံမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်  ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြေခံတပ်ရင်းများမှ ဆရာဝန်၊ ဆရာမများ ပူးပေါင်းကာ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ နားနေစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အစိုးရဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုတို့အား မော်လိုက်ခရိုင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မော်လိုက်မြို့နယ်COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မော်လိုက်သားလေး