ပုသိမ် ဇွန် ၂၈
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်၊ ခွင့်ပြုထုတ်ပေးခြင်းကို ၂၀၂၁ခုနှစ် ဇွန်လ၂၈ရက် နံနက် ၁၀နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် လူမှုဖူလုံရေးရုံး၌ ပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးမှ လူမှုဖူလုံရေး ဥပဒေပါပြဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။ ပုသိမ်မြို့နယ် လူမှုဖူလုံ ရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပုသိမ်သစ်ထုတ်လုပ်ရေးဒေသရုံးမှ အာမခံအလုပ်သမား ဦးတိုးအောင်သည် ထုတ်လုပ်ရေးမှဆင်များကို အစာကျွေးနေချိန် ဆင်တစ်ကောင်မှ မှုံယိုပြီး အစွယ်ဖြင့်ထိုးမှုကြောင့် သေဆုံးခြင်းဖြစ်သည့်အတွက် အလုပ်တွင် ထိခိုက်သေဆုံးခြင်းအတွက် နာရေးစရိတ်ငွေကျပ်၅၂၁၆၄၀/- (ကျပ်ငါးသိန်းနှစ်သောင်းတစ်ထောင်ခြောက်ရာ လေးဆယ်) တိတိကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၄၈၆၀၀၀၀/-(ကျပ်လေးဆယ်ရှစ်သိန်းခြောက်သောင်း)တိတိကို ဖခင်ဖြစ်သူ ဦးအုန်းခင်အား လည်းကောင်း၊ ဆက်လက်၍ Haker"s Enterprise အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်စန်းသီတာကျော် ၏ အလုပ်တွင်ထိခိုက်သေဆုံးခြင်းအတွက် နာရေးစရိတ်ငွေကျပ်၂၉၁၆၉၆/- (ကျပ်နှစ်သိန်းကိုး သောင်းတစ်ထောင်ခြောက်ရာကိုးဆယ့်ခြောက်)တိတိကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေကျပ်၄၂၄၈၀၀၀/-(ကျပ်လေးဆယ့်နှစ်သိန်းလေးသောင်းရှစ်ထောင်)တိတိကို မိခင်ဖြစ်သူ ဒေါ်စန်းတင်အား လည်းကောင်းခွင့်ပြုထုတ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်(ခရိုင်၊ပြန်/ဆက်)