ဒေးဒရဲမြို့၌ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဒေးဒရဲ ဇွန် ၂၇
 
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ ရပ်ကွက်ပေါင်းစုံ၊ ကျောင်းပေါင်းစုံမှ ထူးချွန်ထက်မြတ် သောလူငယ်ကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီး ဌာနကကြီးမှူးကျင်းပသော ဒေးဒရဲမြို့နယ်အားကစား တိုးတက်ရေးအစီအစဉ် (TSDP) အရ ကျင်းပ ပြုလုပ် သော(၁၃)နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲ၊(၂၅)နှစ်အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြန်မာ့သိုင်း ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကိုယမန်နေ့က မြို့နယ်အားကစားခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင်တက်ရောက်လာသူများက ပြည်ထောင်စုနိုင်ငံတော်အလံအားအလေးပြုကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူး ဦးဆောင် ၍ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်ကျော် ဖျာပုံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာဦး၊ ဌာနဆိုင်ရာများ ပြိုင်ပွဲကော်မတီ အဖွဲ့ဝင်များက ဆုရရှိသူ များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အေဇာလင်း