ဖျာပုံ ဇွန် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်အတွင်း လူစည်ကားရာ မြောက်ပိုင်းဈေးနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းခြင်းဆိုင်ရာ အကြောင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်ရာ အကြောင်းများ ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများအကြောင်း ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းများ ပါဝင်ပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဈေးများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ များ ရရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)