ချီဖွေ သြဂုတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်နေသော အမျိုးသားတစ်ဦးအား မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့မှ ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် အာဟာရပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်နေသော ပြည်ပမှ ပြန်လည်ရောက်ရှိလာသော ချီဖွေမြို့နယ်မှ အမျိုးသားတစ်ဦးအား အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့မှ ထမင်းဗူး၊ ကော်ဖီထုတ်၊ Dettol ဆပ်ပြာ၊ ရွှေဝါ တောင့်၊ Alcohol Spray ဗူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားထံမှ “အာခေါင်တို့ဖတ် စစ်ရာတွင် ကိုဗစ်-၁၉ရောဂါပိုး Negative (ပိုးမတွေ့)ကြောင်း၊ Quarantine ဝင်နေသည်မှာ (၁၇)ရက်ရှိပြီ ဖြစ်ကြောင်း” မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းလင်းထွန်းထံမှ သိရသည်။
နန်းမြင့်၊ဇင်မာဝင်း(မြို့နယ် ပြန်/ဆက်)