ညောင်တုန်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလီဘောအမျိုးသားအလွတ်တန်းပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအမျိုးသား အလွတ်တန်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီအချိန်က မြို့နယ်အားကစား ခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဘောလီဘောအမျိုးသားအလွတ်တန်းပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား တာဝန်ရှိသူများက တံခွန်စိုက်ဖလားနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားမှူး၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက် )