မြစ်ကြီးနား ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်” အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲတွင် ပမ္မတီးရပ်ကွက် မြစ်ကြီးနား လေဆိပ်အဝင်ပေါက်၌ စိုထူခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်” အသိပညာပေး မြေစိုက်ပိုစတာအား အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်တင့်လွင်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအုပ်တင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ (လူကုန်ကူး/ လူမှောင်ခို တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်) ဒေါ်ယဉ်ယဉ်မြင့်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းလင်း၊ လေကြောင်းရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ ရဲအုပ်ခင်မောင်ကြည်၊ ပမ္မတီးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရ သည်။
စိန်ဝင်း(ပြန်/ဆက်)