မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာ၌ Cash For Work စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကံမ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာ(၈)ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ     ကျေးရွာတစ်ရွာ လျှင် ငွေကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးပြီး ကျေးရွာ ကုန်ထုတ်လုပ်မှုနှင့် အခြခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အားအသုံးပြုရသည့်နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Cash For Work စီမံကိန်း ဆောင်ရွက်နေသောကျေးရွာများမှာ ထန်းလေးပင်ကျေးရွာ၊ ကရင်စုကျေးရွာ၊ မင်းတဲကျေးရွာ၊ ကျွှဲခေါင်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မင်းပြင်သစ်ကျေးရွာ၊ မုန်းဒါးကြီးကျေးရွာနှင့်ပြကြီးကျေးရွာတို့ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရောက် ခြင်းခံရသော  ကျေးလက်ဒေသရှိ ပြည်သူများအား ၎င်းတို့ ကျေးရွာ၏ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကိုယ်တိုင်လုပ်ကိုင်စေပြီး လုပ်အားခငွေပေး ချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့်ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)