မအူပင် ဇွန် ၂၅
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးTalk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးTalk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မအူပင်ခရိုင်မှ ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်မှုအား ပြောကြားပြီးမအူပင်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးအေးလွင်က မူးယစ်ဆေးဝါးများကို တလွဲသုံးစွဲနေမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှု ဥပဒေအရ အရေးယူဆောင်ရွက်နေမှု မူးယစ်ဆေးဝါးများအကြောင်း မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးများ မူးယစ်ဆေးဝါးရဲ့ အဓိကပြဿနာများ အစရှိသည်တို့ကို ပြည်သူများသိရှိစေရန် Talk Show အစီအစဉ်မှတစ်ဆင့်အသိပညာပေးပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)