ဝါးခယ်မ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနှိမ်နင်းရေးနှင့် ရောဂါမဖြစ်ပွားစေရေးအတွက် (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများနှင့် အဘိတ် ဆေးခတ်ခြင်းများကို ယနေ့မွန်းလွဲ၁နာရီခန့်က ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက်နေ ပြည်သူများ၏နေအိမ်များသို့ သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်နှင့်တာ၀န်ရှိသူများ၊မြို့နယ်ဆေးရုံဆရာဝန်ကြီး ဒေါက်တာဝင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း (ဖုံး၊သွန်၊လဲ၊စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်း များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများကို နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)