မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် သံသယလူနာများရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် ဆောင်ရွက်ရန် ယမန်နေ့ ညနေ (၃)နာရီအချိန်မှစတင်ပြီး မြောင်းမြမြို့၊မြကန်သာရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်း၊ သူနာပြုသင်တန်းကျောင်း (ကံ့ကော်ဆောင်) ယာယီဆေးရုံ၌ တာဝန်ရှိသူ များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာကြိုတင်စီမံ ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။
မြောင်းမြမြို့နယ်အတွင်း COVID-19ရောဂါ ကူးစက်ပျံ့ပွားမှုလျော့ကျစေရေးနှင့် သံသယ လူနာများရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ဆောင်ရွက်နိုင်ရန် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်း၊ သူနာပြုသင်တန်းကျောင်း (ကံ့ကော်ဆောင်) ယာယီ ဆေးရုံရှိ အိပ်ဆောင်များနှင့်ရေချိုးခန်း၊ အိမ်သာများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရှိ ရသည်။
သက်ဝေ(မြောင်းမြ)