ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ဖူးမြော်

ပဲခူး     ဇွန်    ၂၄

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အစိုးရနိကာယ်စာမေးပွဲ ကြီးကြပ်နာယက ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ခဲ့ပြီး ဖြေဆိုနေကြသည့် သံဃာတော်များအား အအေးဆက်ကပ်လှူဒါန်းခဲ့ကာ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွန်းမံ ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့တွင်း ညဈေးဖွင့်လှစ်ရန် ဆောင်ရွက်နေမှုနှင့် ဟံသာဝတီမြို့ဟောင်း ကျုံးနှင့်ကျုံးပတ်လမ်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)