သာပေါင်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့မစာကြည်တိုက်အတွက် အလှူငွေပေးအပ်ပွဲ အခမ်း အနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးမောင်မောင်မှစာကြည့်တိုက် လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အဖွင့်အမှာ စကားပြောကြား ခဲ့သည်။
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဗဟို မှ သာပေါင်းမြို့နယ် မြို့မစာကြည်တိုက်အတွက် အလှူငွေကျပ် သိန်း(၂၀)ကို ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးမောင်မောင်နှင့် ဒုဥက္ကဋ္ဌဦးသန်းမြင့် တို့ က သာပေါင်းမြို့နယ် မြို့မ စာကြည့်တိုက်ဥက္ကဋ္ဌဦးအောင်စိုးဝင်းနှင့် ဒုဥက္ကဋ္ဌဦးစောလင်း ထံသို့ပေးအပ်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ သာပေါင်းမြို့နယ် မြို့မစာကြည်တိုက် ပရိဘောဂများအတွက် အလှူငွေကျပ်(၂)သိန်းနှင့် စာအုပ်မျိုးစုံ(၅၀)အုပ်တို့အား ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက် များဖောင်ဒေးရှင်ဒုဥက္ကဋ္ဌ နှင့်စာရင်းစစ်ဦးငွေစိုးတို့ က သာပေါင်းမြို့နယ် မြို့မ စာကြည့်တိုက် ဥက္ကဋ္ဌဦးအောင်စိုးဝင်း နှင့် ဒုဥက္ကဋ္ဌဦးစောလင်း ထံသို့ဆက်လက်ပေးအပ်ခဲ့ကြပြီး ဒုဥက္ကဋ္ဌဦးစောလင်း မှ ကျေးဇူတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း ၊ သာပေါင်း