ကောလင်းမြို့၌ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကောလင်း ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက စံပြကွက်၊ စမ်းသပ်ကွက်များ သီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရန်လျာထားချက်များ ပြည့်မီစွာ စိုက်ပျိုးနိုင်းရေး၊ မျိုးကောင်းမျိုးသန့်များအား အစားထိုး စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်မြှင့်မားရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားချက်များ၊ငွေကြေးနှင့် ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲရေး ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)