အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပုသိမ်ကြီး    ဇွန်   ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း လူစည်ကားသည့်နေရာများဖြစ်သော မြို့မဈေးနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ဈေးများ၊ ကျောင်းများမှ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးအသိပညာ ဗဟုသုတ များရရှိစေရန်လက်ကမ်းစာစောင်များ  အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းခြင်းဆိုင်ရာအကြောင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ် ဖွယ်ရာ အကြောင်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းများဖြင့်ဗဟုသုတရရှိစေရန် အသိပညာပေးအချက်အလက်များ ပါဝင်ကြောင်း သိရသည်။

ပုသိမ်ကြီး ( ပြန်/ဆက် )