လက်ပံတန်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်က သိုက်ဝါးချောင်းကျေးရွာအုပ်စု တောင်သူဦးပြည့်ဖြိုးပိုင် လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးရာတွင် စပါးစိုက်တောင်သူများ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြည်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက စိုက်ပျိုးခြင်း နည်းပညာနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့သည်။
မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြသည်။ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် မျိုးစေ့ကုန် သက်သာစေခြင်း၊ လုပ်သားရှားပါးမှုပြဿနာ ဖြေရှင်းပြီးသားဖြစ်ခြင်း၊ စိုက်ပျိုးရေး နည်းပညာရဲ့ အလေ့အကျင့်ကောင်းများကို လိုက်နာရန်လွယ်ကူခြင်း၊ အပင်ပြုစု စောင့်ရှောက်ရာတွင်လည်း ပေါင်းနုတ်၊ သမန်းနိုးလွယ်ကူပြီး စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး