စစ်ကိုင်း ဇွန် ၂၄
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ အသိပညာ ဗဟုသတများရရှိနိုင်စေရန် ယနေ့၊ နံနက်(၁၁) နာရီက စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ (TALK SHOW) အစီအစဉ်ဖြင့် ပြုလုပ် ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
(TALK SHOW) အစီအစဉ် ပြုလုပ်ဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်မျိုးကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဇော်ဦးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်၊ သဘာဝ ဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်တို့ကို စိုက်ပျိုးရေး တောင်သူများ ကုန်ကျစရိတ် သက်သာစွာ သုံးစွဲနိုင်စေရန် အသေးစိတ်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားရရှိနိုင်စေရန် (Talk Show)များ ပြုလုပ်ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ ဆောင် ရွက်ခြင်း၊ စာဖတ်အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ပုံပြောအစီအစဉ်နှင့် ပြည်သူ့စာကြည့်မှ စာအုပ်များ စည်းကမ်းချက်နှင့်အညီ အခမဲ့ငှားရမ်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်