ပြည် ဇွန် ၂၄
ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင် ပြည်မြို့အောင်မြင်ဗာဟု ကြိုးပြင်ကာကွယ်ရေးတော၌ ယနေ့နံနက် ၈နာရီက ၂၀၂၁ခုနစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ (၄၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
သစ်ပင်စိုက်ပွဲတော်တွင် ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ပြီး ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ ပျိုးပင်များ ပေးအပ်ကာ စိန်ပန်းပင်(၅၀)၊ မယ်ဇယ်ပင် (၆၀)၊ မန်ဂျန်ရှား အပင်(၁၀၀)၊ ပိတောက်ပင် (၈၀)၊ မယ်ဇလီပင်(၃၀)၊ အော်ရီရှား ပင်(၄၀)၊ ကျွန်းပင် (၅၀)နှင့် မဟော်ဂနီ (၁၀)ပင် စုစုပေါင်း သစ်ပင်(၅၂၀)တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း ခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။
မင်းမင်းစိုး