ဓနုဖြူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ

ဓနုဖြူ          ဇွန်           ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲကိုတင့်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များအား ရှင်းလင်း ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က ဓနုဖြူမြို့နယ် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်မှုနှင့် ကလေးသူငယ်များ အခွင့်အရေး ပိုမိုရရှိအောင် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)