သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပျိုပင်များဖြန့်ဝေ

အုတ်ဖို ဇွန် ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်   သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက်  မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိကာ ဒေသခံပြည်သူများအား ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ ကျွန်းပင် (၂၀၀၀၀)၊ မန်ဂျန်ရှား(၂၅၀၀၀)၊ ပျဉ်းကတိုးကုန်း(၅၀၀၀)နှင့် မဟော်ဂနီ(၅၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း (၅၅၀၀၀)ကို ပျိုးထောင်ထားရှိပြီး  ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးသွားရန် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ရဲစခန်းများသို့ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျှက်ရှိသည်။

အလားတူ တစ်ရွာ(၂) ဧက စီမံချက်ဖြင့် ဆည်ရွာကျေးရွာတွင် ဇွန်လ ၂၂ ရက်နေ့က (၁)ဧကလျှင် မန်ဂျန်ရှားပျိုးပင် ၁၂၁၀ နှုန်းဖြင့် စုစုပေါင်း ပျိုးပင် ၂၄၂၀ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အောင်သူ(အုတ်ဖို)