ချောက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတို့ ပူးပေါင်း၍စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နေ့လယ် ၂နာရီခွဲအချိန်က ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချိုချိုမာ က(TalkShow) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဦးအောင်သောင်းကချောက်မြို့နယ် အနေဖြင့် ကျေးလက်တောင်သူလယ်သမားများနှင့်ပူးပေါင်းပြီးမိုးရာသီအမှီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို၂၀၂၁ခုနှစ် ဇွန် ၁ရက်နေ့ မှ ၂၀၂၁ခုနှစ်စက်တင်ဘာ ၃၀ရက်နေ့ထိထုတ်ချေးသွား မည်ဖြစ်ကြောင်း၊ချေးငွေအမျိုးအစားနှင့်ချေးငွေချေးယူသူလိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းများ၊ယခုလက်ရှိအချိန်ထိစပါးတစ်ဧကလျှင်ချေးငွေ ငွေကျပ်၁၅၀၀၀၀ိ/ နှုန်း၊ ချေးငွေအခြားသီးနှံတစ်ဧကငွေကျပ်၁၀၀၀၀၀ိ/နှုန်းဖြင့်ကျေးရွာအုပ်စု(၉)အုပ်စု၊တောင်သူပေါင်း (၇၆၂)ဦး၏ အခြားသီးနှံ ဧကပေါင်း (၄၄၅၀)ဧက ၊ချေးငွေကျပ်သိန်းပေါင်း(၄၄၅၀) သိန်းအား ထုတ်ချေးပြီးကြောင်း ချေးငွေထုတ်ချေးသည့်တောင်သူများကြွေးဟောင်းများပြေကြေဆပ်ပြီး ပါက ကြွေးသစ်ငွေများပြန်လည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။
ကျော်မိုး