ထန်းတပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်

ထန်းတပင် ပဲခူး ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးလှမြင့်က ပညာသင်စရိတ်  ထောက်ပံ့ပေးအပ်ရခြင်း

အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်း သား/သမီး တစ်ဦးခြင်းကို တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။   ဆက်လက်၍   မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဉက္ကဌ ဒေါ်စီစီစိုးဦးက ကိုယ်ဝန်ဆောင်မိခင်နှင့်   နို့တိုက်အရွယ် ကလေးငယ်အား  အာဟာရများ   ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်ရာတွင် အထက်တန်းအဆင့် ၁၀၀၀၀ကျပ် နှုန်း ၊ အလယ်တန်းအဆင့် ၇၀၀၀ကျပ် နှုန်း ၊ မူလတန်းအဆင့် ၅၀၀၀ကျပ် နှုန်းဖြင့်  စုစုပေါင်း  ကျောင်းသား/ ကျောင်းသူ (၁၂)ဦး တို့ကို    ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။