မင်းလှ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့နံနက် ၈ နာရီချိန်က ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ် ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်း၍ (Mask) နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသော လမ်းသွားလမ်းလာများအား နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်းနှင့် စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ