မြို့သစ်မြို့နယ်တွင် ဆည်ရေလုံလောက်စွာ ပေးဝေနိုင်သဖြင့် နွေစပါး များအောင်မြင်ဖြစ်ထွန်း

မြို့သစ်    ဇွန်   ၂၄

 

 

 

မကွေးတိုင်းဒေသကြီး  မြို့သစ်မြို့နယ်တွင်   ယခုနှစ် ၂၀၂၁ ခုနှစ်   နွေရာသီ သီးနှံစိုက်ပျိုးရေး အတွက် အစိုးရဆည်တမံ ()ခုဖြစ်သည့် ဆဒ္ဒန်တမံ၊ စွန်တမံ၊ပုလင်းတမံ တို့မှ စုစုပေါင်းလျာထား နွေစပါး (၈၆၀)ဧက နှင့် နွေနှမ်း (၆၀၀)ဧက စိုက်ပျိုးနိုင်ရေး ဆည်ရေပေးလွှတ်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။

 

 

 

မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများသည် ဒေသနှင့်သင့်တော်သည့် သက်လတ် အထွက်ကောင်း (ရတနာတိုး၊ မနောသုခ)    စပါးမျိုးသန့်များအား     မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှတဆင့်     RS (Registered Seed)ဝယ်ယူစိုက်ပျိုးခြင်း နှင့်   မိုးစပါး   CERP   စပါးမျိုးသန့်ထုတ် တောင်သူများထံမှ  ဝယ်ယူ စိုက်ပျိုးကြကာ စိုက်ပျိုးမှုစနစ်အားဖြင့်      ပျိုးထောင်စိုက်၊   တိုက်ရိုက်စိုက်  ( နှစ်မျိုး ) တွင် ပျိုးသက်နုကောက်ကွက်ကြဲ စိုက်ပျိုးခြင်း၊ဘောင်စနစ် ပျိုးထောင်စိုက်ခြင်း၊မျိုးစေ့ချ   Drum Seeder ဖြင့် တိုက်ရိုက်ချခြင်း၊သမရိုးကျ အစို ကြဲပက်  တိုက်ရိုက်ချခြင်း တို့ဖြင့် စိုက်ပျိုးလျက်ရှိကြကြောင်း တွေ့ရှိရပါတယ်။

 

 

ကျွန်တော်တို့   သမရိုးကျလုပ်တာတော့   တစ်ဧက  တင်း   ၆၀ နှုန်းပုံမှန်ပေါ့   နွေစပါးဆိုတာ ကတော့ သဘာဝအန္တရာယ်က    မိုးကြီးတာတို့  ရေနစ်တာတို့ အားနည်းတာပေါ့    တစ်ခုတော့ စိုးရိမ်ရတယ်   နွေစပါးဖြစ်တဲ့အတွက်    အစိုးဓါတ်ထိမ်းသိမ်းတဲ့နေရာမှာ မိုးစပါးထက် ပိုပြီးဂရုစိုက် ရတယ် ဒါပေမယ့် အထွက်နှုံးကျ မိုးစပါးထက် နွေစပါးက တစ်ဧကကို တင်း ၈၀ နှုံးလောက် အနည်းဆုံးထွက်ပါတယ် ဘာပြုလို့လည်းဆိုတော့ နွေစပါးမှာ   အလေ့အလွှင့်နည်းတယ်   သဘာဝ ပတ်ဝန်းကျင်ဖျက်ဆီးတာအားနည်းတယ် ဒါကြောင့် မိုးစပါးထက်တစ် ဧက တင်း  ၂၀ လောက်  မိုးစပါးထက်  အထွက် များတယ်ဗျ   အထွက်ကောင်းမျိုးဖြစ်သောရတနာတိုးဆိုတဲ့စပါးမျိုးဟာ တောင်သူများအတွက်တကယ်စိုက်ပျိုးသင့်သောမျိုးဖြစ်ကြောင်းတောင်သူဦးဇော်ဝင်းက ပြောပြခြင်းဖြစ် သည်။  

 

ဆည်မြောင်းဦးစီးဌာနအနေနဲ့     သတ်မှတ် ရေလှောင်ပမာဏပြည့်မှီလို့  နွေစပါး၊ စိုက်ပျိုးရန် အပြင်    မိုးစပါးပျိုးထောင်ဖို့ပါ   ရေအလုံအလောက်ရှိပါတယ်    ဟု မြို့သစ်မြို့နယ်ဆည်မြောင်းဦးစီး အရာရှိ ဦးအောင်ဇော်ထက် ထံမှသိရှိသည်။

 

 

 

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်းတောင်သူများစီးပွားရေးအကျိုးအမြတ်ကိုအခြေခံသည့်စိုက်ပျိုးမှုပုံစံ ဆောင်ရွက်နိုင်ရေးအတွက်   တောင်သူကိုယ်တိုင်  ပူးပေါင်းပါဝင်သောပုံစံဖြင့် နွေစပါး စိုက်ပျိုးမှု ဆည်ရေသောက်စနစ်အလိုက်ပျိုးသက်နုကောက်ကွက်ကြဲ စိုက်စနစ် ( )ဧက၊ ဘောင်ပျိုးစိုက်စနစ် ( )ဧက၊ Drum Seeder စိုက်စနစ်(၃၆)ဧက တို့ကို့ စံပြကွက် လုပ်ငန်း ကူညီပံ့ပိုးလျက် စိုက်ပျိုးလျက်ရှိကြောင်းမကြာမီ ရက်ပိုင်းအတွင်း မှာ ရိုတ်သိမ်းတော့မည် ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထံမှ သိရှိရသည်။

 

 

ဇော်ဇော် ( မြို့သစ် )