နတ်တလင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အသက်၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန်၂၄ ရက်နေ့က မြို့မရပ်ကွက်တွင် ဆောင်ရွက်ကြသည်။ နတ်တလင်းမြိုနယ် မြို့မရပ်ကွက်အတွင်းရှိ သက်ကြီးအဘိုးအဘွား ၁၇ ဦးတို့အား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက် တစ်ဦးလျှင် ကျပ်(၃၀၀၀၀)စီကို ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ပေးအပ်ခဲ့သည်။ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေရွာအုပ်စု ၈၄ အုပ်စုမှ ကျေးရွာခွဲများတွင်လည်း အသက်၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တပြိုင်တည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထားထားဦး