အိမ်မဲ ဇွန် ၂၄
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်ပြည်သူများ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မှ ယနေ့နံနက် ၉နာရီကလူစည်ကားရာနေရာများတွင်လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် နှင့် ဝန်ထမ်းများက ရုံးဌာနများ၊စာသင်ကျောင်းများ၊စျေးဆိုင်များ၊ ဆိုက်ကားဂိတ်၊ ဒိန်းဒေါင်း ဂိတ်နှင့် လူစည်ကားရာနေရာများတွင် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
ချစ်သက်လယ်