ဂန့်ဂေါ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်းကို ညောင်လယ်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလင်းရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေ ကျပ်သိန်း(၈၀)တိတိဖြင့် ကွန်ကရစ် မီးတိုင်(၁၄)တိုင်၊ (၄၀၀) ဗို့ ဓါတ်အားလိုင်း (၁၇၀၀)ပေဖြင့် တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာ ကော်မတီက တာဝန်ယူဆောက်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါမီးလင်းရေးလုပ်ငန်းကို မေလ ၁၀ ရက်ကစတင်တည်ဆောက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် မီးလင်းရေးလုပ်ငန်းဆောင်ရွက် ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)