ဒေးဒရဲ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချု်ပရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသောဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စာရင်းများကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး မြို့နယ်ပညာ ရေးဦးစီးဌာနမှ ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား ပထမအကြိမ် ထိုးနှံပေးခဲ့သည်။
ယခု ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ပညာရေးဝန်ထမ်းများနှင့် အခြားဌာနများမှ ဝန်ထမ်းများအား နောက် (၄)ပတ်အကြာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်