မြင်းမူ ဩဂုတ် ၁၀
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် အခြေခံမဲစာရင်းများကို ဩဂုတ်လ (၂၅) ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ အုပ်ချုပ်ရေးရုံးများတွင် အသိပေး ကပ်ထားခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ယင်းအခြေခံ မဲစာရင်းများ ကပ်ထားပေးမှုအပေါ် လိုအပ်ချက်များ ရှိပါက ပေါင်းစပ်ကူညီဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဦးတင်အောင်လွင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်ခိုင်ဇော်နှင့် တာဝန်ရှိသူများက မဲစာရင်းကပ်ထားမှုအပေါ်ပ ြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေ၊ မဲစာရင်းတွင် မပါဝင်၍ ပုံစံ(၃)ဖြင့်တောင်းဆိုခြင်း၊ ကိုယ်ရေးအချက်အလက်မှန်ကန်မှုမရှိ၍ ပုံစံ(၄-ဂ) ဖြင့်တင်ပြပြင်ဆင်ခြင်းနှင့် မပါဝင်သင့်သူများပါဝင်လာမှု အပေါ်ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာတင်ခြင်းတို့ အပေါ် စနစ်တကျဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အခြေခံမဲပေးနိုင်သူ မဲဆန္ဒရှင် (၉၃၉၁၀) ဦးရှိပြီး၊ မဲရုံပေါင်း (၆၆) ရုံထားရှိကာ နိုင်ငံရေးပါတီ (၅) ခုက ပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံ သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးဦးစီးအရာရှိ ဦးအောင်ခိုင်ဇော်ထံမှ သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)