ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးတွေ့ရှိ

ပေါင်းတည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ဗျက်ကြီးရွာမှ (၄)ဦး၊ လက်ပံကိုင်းရွာမှ (၁)ဦး၊ စုစုပေါင်း(၅)ဦး တွေ့ရှိကြောင်း ယမန်နေ့ ညနေပိုင်း အချိန်တွင် သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိူ ကူးစက်ခံရသူ (၅)ဦးမှာ နတ်တလင်းမြို့နယ်မှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၂ ဦးမှ ပေါင်းတည်မြို့နယ်သို့ လာရောက်ခဲ့သည့်အတွက် ၎င်းတို့ ၂ ဦးနှင့် ထိတွေ့ခဲ့သူများအား ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှ COVID-19 Antigen (RDT)Test ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ပေါင်းတည်ပြည်သူ့ဆေးရုံ (သီးသန့်လူနာဆောင်)၌ ထားရှိကုသဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယင်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူ( Contant Person)များအား သပြေကုန်း(စိုက်ပျိုးရေးစိုက်စခန်း) Facility Quarantine Centre တွင်ထားရှိမည် ဖြစ်ကြောင်းသိရသည်။

ချစ်နှင်းသုန်