ဖျာပုံ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အသင်းနှင့်ပူးပေါင်း၍ ယနေ့ နံနက်(၁၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်သည်။ အဆိုပါ စာဖတ်ဝိုင်းကျင်းပရာတွင် ဖျာပုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေး ဆရာ၊ ကဗျာဆရာဇေယျာဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဝင်းရှိန်ကစာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။
ထိုနောက်ဖျာပုံမြို့နယ် စာရေးဆရာ အသင်းနာယက စာရေးဆရာ မောင်ယဉ်မိုးကမောင်ခင်မင် (ဓနုဖြူ)ရေးသား သော”စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ”စာအုပ်ထဲမှ”သုတကိုနှစ်သက်ခုံမင်သောမြန်မာ”ခေါင်းစဉ်အားဖတ်ကြားဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသောသူများက အပြန်အလှန်ပြန်လည်ဆွေးနွေးကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်