စေတုတ္တရာ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏အကြောင်း မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် နှင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း စသည့်အချက်များ ထည့်သွင်းဖော်ပြထားပါသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို စေတုတ္တရာမြို့ စည်ပင်သာယာဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် မြို့ပေါ်ကျောင်းများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထိုသတင်းစကား လက်ကမ်း စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေခဲ့ပြီး တစ်နိုင်ငံလုံးသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်ပေါက်