ကျောက်တံခါးမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကျောက်တံခါး ဇွန် ၂၂ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ အား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပင်စင်လစာငွေများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် လူစုလူဝေးမဖြစ်ပေါ် စေရန် အလှည့်ကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပင်စင်လစာများထုတ်ပေးရာ၌ ယနေ့ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်း ၃၀၀ ဦးခန့် ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကို မထိခိုက်စေရန် နေ့စဉ်ဘဏ်ဖွင့်သည့်နေ့တိုင်း နံနက် နာရီမှ ညနေ နာရီအထိ ထုတ်ပေး သွားမည်ဖြစ်ပြီး ဇွန်လ ၂၁ ရက်မှ ၃၀ ရက်နေ့ထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။