လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ   ဇွန် ၂၂

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား  မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဖေမြင့် ရေးသားထားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယနေ့နံနက် ၁၀နာရီက လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က  စာဖတ်ဝိုင်း ကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး  Book Club အဖွဲ့ဝင် ဦးလင်းခိုင်က  စာရေးဆရာ ဖေမြင့် ရေးသားသော အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်းစာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းအေးက ဦးဆောင်၍ စာအုပ်တွင်ပါရှိသော တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီတည်ဆောက်ခွင့်ရှိသည်၊ အခွင့်အရေးဆိုသည်မှာ၊ ကျားကုတ်ကျားခဲ စိတ်ဓါတ်၊ ပြတ်ပြတ် သားသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း အကောင်းဆုံးထက် ပိုကောင်းအောင် စသည့် ခေါင်းစဉ်များ အလိုက် ရေးသားထားသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)