မြဝတီ ဇွန်၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယမန်နေ့နံနက်(၇) နာရီအချိန်က မြဝတီမြို့မြန်မာ့စီးပွားရေးဘဏ်၌ စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျ ထုတ်ပေးခဲ့သည်။
ထို့သို့ ထုတ်ပေးရာ၌ ယမန်နေ့က မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း (၅၂၃) ဦးခန့် ပင်စင်လစာများလာထုတ်ခဲ့ရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို ဇွန်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)