အုတ်ဖို ဇွန် ၂၂
ကလေးသူငယ်များ၏ အကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး အတွက် ကာကွယ်စောင့်ရှေုာက်ပေးရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်နှင့် ပတ်သက်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိကြောင်း ယခုသင်တန်းကို အုတ်ဖိုမြို့နယ်တွင် ပထမဆုံးအကြိမ် လာရောက်ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများ အခွင့်အရေးများကို ကလေးသူငယ်များကိုယ်တိုင် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရပ်မိရပ်ဖ ရပ်ကျေးအဖွဲ့အစည်း များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းအောင်နှင့် သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေးတို့မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်း တက်ရောက်လာသူများမှလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ ဒေါ်မို့မို့အေးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ