မင်းလှ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင် ပင်ကျေးရွာအုပ်စု၊ ဦးတိုစာဖြူစု ကျေးရွာနေ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သူ လင်မယားနှစ်ဦးနှင့် ထိစပ်သူများနှင့် သံသယရှိသူ များကို ထပ်မံစစ်ဆေးခဲ့ရာ စုစုပေါင်း(၄၄)ဦး ရောဂါပိုးထပ်မံကူးစက်ခံခဲ့ရကြောင်း ယမန်နေ့ ညနေပိုင်း က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ နှင့် ထိစပ်သူများ၊ သံယလူနာများကို RDT Test kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုး ရှိသူများအား မြို့နယ်ပြည်သူဆေးရုံနှင့် ပြည်တော်သာအိုးအိမ်ဝန်ထမ်း(၅) ထပ်တိုက်အိမ်ယာသစ်၌ လည်ကောင်း စောင့်ကြည့်ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စုစုပေါင်း(၇၇)ဦးပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိ ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ပြည်သူများအား နှာခေါင်းစည်း ဖြန့်ဝေပေးခြင်း၊ တပ်ဆင်ပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ