မော်လမြိုင်ကျွန်း ဇွန် ၂၂
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီနေထိုင် သွားလာရေး၊ mask များ ပြန်လည်တပ်ဆင်ကြပါရန် နိုးဆော်ဆောင်ရွက်ရေး၊ မြို့အဝင်ဂိတ်များတွင် စစ်ဆေး ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။
ဆက်လက်၍ မြို့မိမြို့ဖ ဦးကျော်ဌေးက စျေးများ၊ စားသောက်ဆိုင်များတွင်လည်း လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ နေထိုင်သွားလာ ရောင်းဝယ်ခြင်းများ ဆောင်ရွက်ကြပါက ပိုမိုကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မြို့နယ်ဆရာဝန်ကြီး ဦးစန်းဝင်းက ကုတင် ၁၀၀ ဆေးရုံ၊ တိုင်းရင်းဆေးရုံတွင် ကုသဆောင်များ ပြင်ဆင်ထားရှိပါကြောင်းနှင့် ရောဂါမဖြစ်ပွားမီကြိုတင် ကာကွယ်ရေး နည်းလမ်းများအား တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များတို့မှ ကဏ္ဍအသီးသီးအလိုက် လုပ်ငန်းအခြေအနေများနှင့် ပြန်ကြားရေး လှုံ့ဆော်ကြေညာမှု့များအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး နိုးဆော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)