ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျုံပျော်တွင် Mask များ အခမဲ့ဖြန့်ဝေ

ကျုံပျော် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေခြင်းကို အမှတ်(၁) အခြေခံ အထက်တန်းကျောင်းရှေ့၌ ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

Mask ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား ပြည်သူများထံသို့ Mask (၁၅၀၀)ခုအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

ကျုံပျော်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များကိုလည်း ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူများသိရှိစေရန် လှည့်လည်ကြေငြာခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)