အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အုတ်ဖို ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း မြို့နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်သဖြင့် အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အေးမြသာယာကျေးရွာအုပ်စု၊ အ.ထ.က အေးမြသာယာ၊ အ.မ.က အေးမြသာယာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ သို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် အေးမြသာယာတိုက်နယ်ဆရာဝန် ဒေါက်တာသီရိရွှေစင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ပိုစတာများ ကပ်ထားကြေငြာပေးခြင်း၊ အ.ထ.က အေးမြသာယာ၊ အ.မ.က အေးမြသာယာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းမျဉ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းရှိမရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ