ဟင်္သာတ ဇွန် ၂၁
ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဖွင့်လှစ်သည့် SketchUp သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် သင်တန်းနည်းပြဆရာ ဦးစိုးမင်းမောင်တို့မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် Sweeps and Revolves, Group,Components and Outliner၊ External & Internal Wall and Opening,Door,Windows၊ Timber Stairs and Roof၊ Complete House များကို သင်တန်းနည်းပြများကပို့ချ၍ ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား (၂၀)ဦး ခဲ့ကြောင်း သိရှိရသည်။
ဟင်္သာတခရိုင်(ပြန်/ဆက်)