အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်

ခန္တီး ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အပြည်ပြည်ဆိုင်ရာရာ သီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က ခန္တီး-ဟုမ္မလင်း ကားလမ်းဘေး ဝဲ/ယာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်၊ အတွင်းရေးမှူး ရဲမှူးကြီး မြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သက်ဖြိုးကိုတို့က သက်ဆိုင်ရာအလိုက် ပျိုးပင်များကိုပေးအပ်ခဲ့ကြသည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသော ပုဂ္ဂိုလ်များမှ သစ်ပင်ပျိုးပင်များကို မြေချစိုက်ပျိုးပေးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မျောက်ငိုပင်(၁၁၅)ပင်၊ ကျွန်း(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ မယ်ဇလီ(၇၅)ပင် စုစုပေါင်းပျိုးပင် (၅၀၀) ပင်အားစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ဒီဇိုင်း(ရတနာမြေ)