အင်္ဂပူမြို့နယ်တွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

အင်္ဂပူ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲဇင်း‌ကျေးရွာအုပ်စု အတွင်းရှိ တောင်မြန်အောင် ကြိုးဝိုင်းအကွက်အမှတ်(၁၆)တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တော ဦးစီးဌာနက ဦးဆောင်ကာ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကျွန်း(၁၅၀)ပင်၊ မန်ဂျန်ရှား(၅၀၀)ပင် စုစုပေါင်း သစ်ပင်(၆၅၀)တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့အတွက် ပျိုးပင်များကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)