လှိုင်းဘွဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူလျက်ရှိ

လှိုင်းဘွဲ    ဇွန်   ၂၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများ၏  ပင်စင်လစာများထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ထုတ်ယူလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူသော ပင်စင်စားအငြိမ်းစား ဝန်ထမ်း များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်တွင် လက်ဆေးခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပင်စင်လစာများကို လကုန်ရက်နေ့အထိ  အများ ပြည်သူရုံးပိတ်ရက်များမှ အပ ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၉နာရီအချိန်မှ မွန်းလွဲ ၁နာရီထိ ထုတ်ပေးသွားမည်ဖြစ်ရာ ပင်စင်လစာလာရောက်ထုတ်ယူသူများအနေဖြင့် အဆင်ပြေသည့် ရက်များ တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း(၈၀၀)ကျော်ခန့် ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)