ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီဦးမျိုးလိူင် ဟင်္သာတခရိုင်နှင့်မြို့နယ် ပြည်သူ့အားကစား ကွင်းများ၊ အားကစားရုံများ ကြည့်ရူစစ်ဆေး

ဟင်္သာတ  ဇွန် ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလိူင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယမန်နေ့နေ့လည် ၂ နာရီခွဲ အချိန်က ဟင်္သာတမြို့သို့ ရောက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံနှင့် ခရိုင်ပြည်သူ့အားကစားကွင်းတို့အား ကြည့်ရူစစ်ဆေးခဲ့ပြီး ခရိုင်နှင့်မြို့နယ် အားကစားမှူးများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)