ပန်းတောင်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းကပန်း တောင်းမြို့မစျေးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက်ပန်း တောင်းမြို့နယ်စျေးသွား၊ စျေးလာသူများ၊ ပြည်သူများ၊ မြို့တွင်း သွားလာလျက် ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာပါကMask တပ်ဆင်သွားလာရေး Mask တပ်ဆင်သွားလာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စစ်ဆေးခြင်းကို ပန်းတောင်းမြို့အနှေးယဥ်လုပ်သားများအဖွဲ့မှ Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)