မင်းလှ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းအုပ်စု၊ ရွှေလောင်းကျေး ရွာတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းအုတ်တံတိုင်းပေါ် သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ရွှေလောင်းကျောင်းတွင် လုံးပတ်(၃) ပေခွဲခန့်၊ အရှည်(၁၈) ပေခန့်ရှိ သစ်စိမ့်ပင်မှာ အမြစ်ပွ၍ ကျောင်းအုတ်တံတိုင်းပေါ် ပြိုလဲကျခဲ့ကာ အုတ်တံတိုင်း ပျက်ဆီးဆုံးရှုံသွားခဲ့ကြောင်း၊ လူနှင့်တိရစ္ဆန် ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အဆိုပါသစ်ပင်ပြိုလဲကျမှုကို ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများကျေးရွာသူ ကျေးရွာသားများက ပူးပေါင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)